top of page
Search

Road to Take the GED Test

  • May 26, 2023
  • 1 min read

အာလုံးပဲမင်္ဂလာပါ💛✨ ဒီနေ့မှာဆိုရင်တော့ GED ဖြေချင်တဲ့ကျောင်းသားကျောင်းသူတွေအတွက် Exam date schedule ယူနည်းလေးကိုပြောပြပေးပါမယ်

First of all ~~ •GED exam flow ကိုရှင်းပြပေးပါမယ် GED exam flowက တစ်ခြားစားမေးပွဲနဲ့မတူတဲ့အချက်ကတော့ တစ်ဘာသာနဲ့တစ်ဘာသာဆက်တိုက်ဖြေစရာမလိုတာပဲဖြစ်ပါတယ်။ သူရဲ့အားသာချက်တစ်ခုလို့လည်းပြောလို့ရပါတယ်။ တစ်ဘာသာပြီးမှတစ်ဘာသာ ready ဖြစ်အောင် ပြင်ဆင်ပြီးဖြေလို့ရတာကြောင့် တော်တော်လေးအဆင်ပြေပါတယ်။ တစ်ခုသတိထားရမှာကတော့ တစ်ချို့ university တွေမှာ တစ်ဘာသာနဲ့တစ်ဘာသာအချိန်အရမ်းကြီးခြားပြီး ဥပမာ 3months ++ လောက်ခြားပြီးဖြေရင် ကျောင်းလျှောက်တဲ့အခါမှာသိပ်ပြီးလက်မခံချင်ကြဘူးပေါ့နော်။ Recommend ပေးချင်တာကတော့ တစ်ဘာသာနဲ့တစ်ဘာသာကို maximum 1 month လောက်ပဲခြားစေချင်ပါတယ်

•GED exam သည် computer based ဖြစ်တာကြောင့် schedule ယူတာကလည်း online ကနေပဲယူရမှာဖြစ်ပါတယ်

•မြန်မာနိုင်ငံမှာဆိုရင် GED ဖြေဆိုလို့ရတဲ့test center သုံးခုထိရှိပြီးဖြစ်ပါတယ်။

1. Yangon MICT park 2. Crown Education, Yangon 3. KMD , Mandalay တို့ပဲဖြစ်ပါတယ်။

• GED စာမေးပွဲဖြေဆိုဖို့ Schedule ယူမယ်ဆိုရင် GED Ready Test ဖြေဆို အောင်မြင်ပြီးဖြစ်ရပါမယ်။ အသက် ၁၈ နှစ်အောက်ဖြစ်ပါက consent form တင်ထားရပါမယ် ။ • Payment အတွက် Visa card ရှိရပါမယ်

GED ဖြေဖို့ဘာတွေပြင်ဆင်သင့်လဲဆိုတာကိုတော့ဒီမှာအသေးစိတ်ပြောပြထားပါတယ်

စာမေးပွဲဖြေဖို့ Self Study ကို organized ဖြစ်ဖြစ်လုပ်ချင်ရင်တော့ Aurum Education Study Plan Service

Trနဲ့နှစ်ယောက်ထဲ အသေးစိတ်သင်ယူချင်တယ်ဆိုရင် Aurum Education one to one guide service

နောက်ပြီးခုလက်ရှိ May 8 မှာဖွင့်မယ့် intensive သင်တန်းတွေအတွက်ကတော့

Schedule ယူနည်းအသေးစိတ်ကိုပုံတစ်ပုံချင်းဆီမှာရေးထားတာမို့ ဆက်ပြီးဖတ်ရှုပေးကြဦးနော်


1.

အရင်ဆုံး schedule ယူဖို့အတွက် GED Account ရှိရပါမယ်။ မရှိသေးရင်တော့ Sign Up လုပ်ပြီး ရှိပြီးသားဆို log in ဝင်ပေးပါ

Sign Up လုပ်တဲ့အချိန်မှာ ကိုယ့်နာမည်မှန်မမှန် emailမှန်မမှန်တစ်ချက်ဂရုစိုက်ပြီးပြန်စစ်ပေးပါနော်


2.


အကောင့်ထဲကိုရောက်ပြီဆိုရင်တော့ red marker နဲ့ပြထားတဲ့နေရာမှာ schedule test ဆိုတာလေးကိုနှိပ်လိုက်ပါ ။ Screenshot ထဲမှာက ဖြေပြီးသားမိို့ You did it ဆိုပြီးပေါ်နေတာပါ ။ တကယ်လို့ကိုယ်က Ready Test မဖြေရသေးဘူး ဆိုရင် Alert ဆိုပြီးပေါ်နေမှာပါနော်


3.

Schedule testနှိပ်ပြီးတာနဲ့ဒါမျိုးလေးပေါ်လာပါလိမ့်မယ် ခုကစပြီး ကိုယ်ဖြေမယ့်ဘာသာကို click လုပ်ပြီးရွေးချယ်နိုင်ပါပြီ ဒီမှာလည်းသတိထားရမှာကတော့ တစ်ဘာသာချင်းစီပဲရွေးပါဘာလို့လဲဆိုတော့ သူကကိုယ် click လုပ်ထားတဲ့ဘာသာတိုင်းအတွက် schedule ယူသွားမှာဖြစ်လို့ ၂ခု၃ခုတစ်ခါထဲclickထားရင် ၂ဘာသာလုံးတစ်ချိန်ထဲဖြစ်သွားတော့ အလကားစာမေးပွဲကြေးwasteသလိုဖြစ်သွားပါလိမ့်မယ်


Schedule ယူတဲ့အချိန်မှာ test center ရွေးတာနဲ့ ရက်/အချိန်ရွေးတာကအရမ်းကြီးမခက်ပေမယ့် information ကိုတော့သေချာလေးစစ်စေချင်ပါတယ် ကိုယ့်ရဲ့ name က passport ထဲကnameနဲ့တူရပါမယ် ။ payment နေရာမှာလည်းသေချာလေးစစ်ပြီးထည့်ကြပါနော် schedule ယူပေးဖို့အကူညီလိုတယ်ဆိုရင်တော့ Aurum Education ကိုဆက်သွယ်လို့ရပါတယ်။ free of charge ကူညီပေးပါတယ်


 
 
 

Recent Posts

See All
Introduction to Aurum Education

Hello everyone !!! Aurum Education page ကနေကြိုဆိုလိုက်ပါတယ် ဒီနေ့မှာတော့ Aurum Education ကိုစတင်ဖို့ ခြေလှမ်းတစ်ခုလှမ်းလိုက်ပြီပဲဖြစ်ပါတ...

 
 
 

コメント


bottom of page